ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော် သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး မစ္စစ် ပွန်နမ်ပီရူးမား အာရာချ်ချီဂီ ပရာဘာရှီနီ ပွန်နမ်ပီရူးမားအား လက်ခံတွေ့ဆုံ (၂၇-၂-၂၀၂၅ ရက်)

(၂၇-၂-၂၀၂၅ ရက်၊ နေပြည်တော်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး မစ္စစ် ပွန်နမ်ပီရူးမား အာရာချ်ချီဂီ ပရာဘာရှီနီ ပွန်နမ်ပီရူးမားအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်၊ (၁၃၃၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာ-သီရိလင်္ကာနှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် ကောင်စစ်ရေးရာကိစ္စရပ်များအပါအဝင် ကဏ္ဍစုံတွင် အကျိုးတူပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေးအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြကြောင်း သိရှိရသည်။

20250227 01

20250227 01

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့