(၂၂-၁-၂၀၂၅ ရက်၊ နေပြည်တော်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး ဒေါက်တာ မိုဟာမက် မွန်(န) ဝါဟူစိန် အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်၊ (၁၁၃၀)နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် စီးပွားရေးမိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ရန်နှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလာရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဉ်သစ်များကို ရှာဖွေရန်တို့ကို အလေးထား၍ နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာလာရေး အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြပါသည်။


