(၉-၁-၂၀၂၅ ရက်၊ နေပြည်တော်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ အဘ်ဟေး တာကူးရ် အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်၊ (၁၅၀၀)နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ကာလရှည်ကြာ တည်ရှိလျက်ရှိသည့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုခိုင်မာရေး၊ နှစ်ဖက်အကျိုးဖြစ်ထွန်း စေမည့် ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုနက်ရှိုင်းရေးအတွက် အခွင့်အလမ်းများရှာဖွေရေးနှင့် အကျိုးဖြစ်ထွန်းသည့် ရလဒ်များရရှိရေးအတွက် နှစ်နိုင်ငံအကြား တည်ထောင်ထားရှိသည့် ယန္တရားများကို အသုံးချနိုင်ရေး အရေးပါမှုတို့ကို အလေးထားဆွေးနွေးခဲ့ကြသည်။


