နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ တွေ့ဆုံ (၂၆-၃-၂၀၂၅ ရက်)

(၂၆-၃-၂၀၂၅ ရက်၊ ရန်ကုန်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေး အဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များနှင့် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ၂၆-၃-၂၀၂၅ ရက် (ဗုဒ္ဓဟူးနေ့) ၀၉း၃၀ နာရီအချိန်တွင် တွေ့ဆုံခဲ့ပါသည်။ အစည်းအဝေးတွင် ဒေသတွင်းနှင့် နိုင်ငံတကာတွင် ဖြစ်ပေါ်ပြောင်းလဲ လျက်ရှိသော မျက်မှောက်ခေတ် ကမ္ဘာ့ရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ‌ဆွေးနွေးပြောကြားခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား အတွက် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့အနေဖြင့် ပညာရှင်များ ရှုထောင့်မှ အကြံဉာဏ်များ၊ သုံးသပ်ချက်များကိုစဉ်ဆက်မပြတ် အကြံပြုတင်ပြသွားနိုင်ရေးနှင့် သုတေသနလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်နိုင်ရေး မှာကြားခဲ့ကြောင်း သိရှိရပါသည်။

20250429 52

20250429 52

20250429 52

20250429 52

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့