နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်တွင် ရုံးသုံးမြန်မာစာရေးနည်းအလုပ်ရုံဆွေးနွေးပွဲ ဖွင့်လှစ်ပို့ချ (၂၄-၂-၂၀၂၅ ရက်)

(၂၄-၂-၂၀၂၅ရက်၊နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာထမ်းများအတွက် ရုံးသုံးမြန်မာစာရေးနည်းအလုပ်ရုံ ဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်ရှိ လောကနတ်ခန်းမတွင် ၂၄-၂-၂၀၂၅ ရက်မှစတင်၍ ကျင်းပပြုလုပ်လျက်ရှိရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ အရာထမ်းများက လူကိုယ်တိုင်ဖြင့်လည်းကောင်း၊ ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများရှိ အရာထမ်းများက Video Conferencing ဖြင့်လည်းကောင်း တက်ရောက်လျက်ရှိပါသည်။ အလုပ်ရုံဆွေးနွေးပွဲကို ရုံးစာပုံစံများအလိုက် ရည်ရွယ်သော အကြောင်းအရာပေါ် မူတည်လျက် ကျစ်လျစ်တိကျသော၊ ရှင်းလင်းပြတ်သားသော ရုံးသုံးစာကို ကျွမ်းကျင်စွာ ရေးသားနိုင်ရန်၊ ဘာသာစကားအသိ (Language Awareness)ကို မြှင့်တင်ပေး၍ မှန်ကန် သော စာအရေးအသားဖြစ်စေရန်၊ ဝန်ထမ်းများ၏ ရုံးသုံးမြန်မာစာအရေးအသား စွမ်းရည် တိုးတက်စေလျက် ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင် စေရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတိုင်းရင်းသား ဘာသာစကားဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန့်စင်အေးက (၃)ရက်ကြာ ပို့ချသွားမည်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ် ဝန်ချုပ်ရုံးများမှ အရာထမ်း စုစုပေါင်း (၃၈၂) ဦး ပါဝင်တက်ရောက်လျက်ရှိပါသည်။

20250224 01

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့