နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အသစ်ခန့်အပ်လိုက်သည့် အရာထမ်းငယ်များအတွက် သံတမန်ရေးရာသင်တန်း အမှတ်စဉ် (၈/၂၀၂၄) ၏ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးတက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြား

20241007 01

(၇-၁၀-၂၀၂၄ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အသစ်ခန့်အပ်လိုက်သည့် အရာထမ်းငယ်များအတွက် သံတမန်ရေးရာသင်တန်း အမှတ်စဉ်(၈/၂၀၂၄)၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက် (တနင်္လာနေ့)၊ နံနက်(၁၀:၀၀)နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန (နေပြည်တော်) ရှိ လောကနတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးတက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဝါရင့်သံတမန်များ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါသင်တန်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ အသစ်ခန့်အပ်လိုက်သည့် ဌာနစုမှူး-၂/ အရာထမ်းငယ် (၃၀) ဦးတို့အား ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီး၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ သံတမန်ရေးရာများ၊ နှစ်နိုင်ငံဆက်ဆံရေး၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဒေသတွင်းအဖွဲ့အစည်းများဆိုင်ရာကိစ္စရပ်များ၊ အာဆီယံရေးရာကိစ္စရပ်များ၊ ကောင်စစ်ရေးရာကိစ္စရပ်များ၊ နိုင်ငံတကာရေးရာများ၊ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်များ၊ အပြည်ပြည်ဆိုင်ရာဥပဒေဘာသာရပ်များ၊ စီးပွားရေးဆိုင်ရာများနှင့် လုပ်ငန်းခွင်ကျွမ်းကျင်မှု Skill များ စသည့်ဘာသာရပ်များကို သင်တန်းကာလ ရက်သတ္တ (၁၂) ပတ်ကြာဖြင့် ရုံးချိန်အတွင်း လုပ်ငန်းခွင်မပျက် စာတွေ့/လက်တွေ့ အချိန်ပိုင်းသင်ကြားပို့ချသွားမည်ဖြစ်ပါသည်။

20241007 02

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့