နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းခြင်း အခမ်းအနားဆိုင်ရာ သတင်းထုတ်ပြန်ချက် (၂၂-၈-၂၀၂၄ ရက်)

20240822 01

(၂၂-၈-၂၀၂၄ ရက်၊ နေပြည်တော်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်ထောင်စုဝန်ကြီး ဌာန/ အဖွဲ့အစည်းများတွင် နိုင်ငံ့ဝန်ထမ်းများ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာများ တိုးပွားလာစေရန်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အဂတိ လိုက်စားလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးရှင်းလင်းဆွေးနွေးပွဲများ ကျင်းပ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက် (ကြာသပတေးနေ့)၊ နံနက် (၁၀:၀၀) နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၉)၊ လောကနတ်ခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ဥက္ကဋ္ဌ ဦးစစ်အေးနှင့် တာဝန်ရှိသူများက လာရောက်ဆွေးနွေးပြီး ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့်အတူ ဒုတိယဝန်ကြီး ဦးလွင်ဦး၊ အမြဲတမ်း အတွင်းဝန်၊ သံအမတ်ကြီးများ၊ ဦးစီးဌာနအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း (၂၅၀) ဦး တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အဖွင့်အမှာစကား ပြောကြားရာတွင် အဂတိလိုက်စားမှုသည် နိုင်ငံတော်ပိုင် ငွေကြေးနှင့် ပစ္စည်းများ၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများ ကို တိုက်ရိုက်နစ်နာမှု ရှိစေသည့်အပြင် တိုင်းပြည်စီးပွားရေးနှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု များ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း သွယ်ဝိုက် အဟန့်အတားဖြစ်စေကြောင်း၊ အဂတိကင်းရှင်းသည့် ပြည်သူ့ဝန်ဆောင်မှုများနှင့် အစိုးရအင်စတီကျူးရှင်းတို့ရှိပါမှ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍအသီးသီးဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုသည် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ် ပေါ်ထွက်လာရေးအတွက်လည်း အဓိကအတားအဆီးတစ်ခုဖြစ်သောကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဥပဒေပြဋ္ဌာန်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအစီအမံများအဖြစ် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) ကို ဖွဲ့စည်းထားရှိကာ အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းများအား အဆင့်ဆင့် ထိရောက်စွာ ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်လျက်ရှိကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ဥက္ကဋ္ဌ ဦးစစ်အေးက အမှာစကား ပြောကြားရာတွင် အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် အသိပညာပေးခြင်းနည်းလမ်း သည် အခြေခံကျသည့် နည်းလမ်းတစ်ခုဖြစ်သည့်အတွက် ယခုကဲ့သို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲများ ကျင်းပနိုင်ခြင်းသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကောင်းမွန်သည့်အရွေ့တစ်ခု ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုပုံစံအားလုံးသည် နိုင်ငံတော်၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေပါကြောင်း၊ နိုင်ငံ့တာဝန် ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဟောပြောပွဲမှ ကျင့်ဝတ်နှင့် ကိုယ်ကျင့် တရားဆိုင်ရာ အသိအမြင်၊ ဗဟုသုတများရရှိပြီး နိုင်ငံ့တာဝန်ကို ရိုးသားဖြောင့်မတ်စွာ ထမ်းဆောင်ခြင်းဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အုတ်တစ်ချပ်သဲတစ်ပွင့် အဖြစ် ပါဝင်ကြစေလိုကြောင်းနှင့် ထပ်ဆင့်မျှဝေပေးကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် စုံစမ်းစစ်ဆေးရေးကဏ္ဍနှင့် စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမိုးက အဂတိလိုက်စားမှု၏ သဘော သဘာဝများ၊ အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်း အကြောင်းအရင်းများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများနှင့် တားဆီးကာကွယ်ရေးကဏ္ဍများနှင့် စပ်လျဉ်း၍လည်းကောင်း အသီးသီး ရှင်းလင်း ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း ဦးဆောင်၍ နိုင်ငံခြားရေးဝန်ကြီး ဌာနမှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) များ နှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

20240822 02

20240822 03

20240822 04

20240822 05

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့