နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးက နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း (၁၅-၈-၂၀၂၄ ရက်)
(၁၅-၈-၂၀၂၄ ရက်၊ နေပြည်တော်)
ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရန်အတွက် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို ရဲရဲဝံ့ဝံ့ သက်စွန့်ဆံဖျား ထမ်းဆောင်လျက်ရှိကြသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများမှ ဝန်ထမ်းမိသားစုများက စုပေါင်းလှူဒါန်းသည့် ကျပ်သိန်းနှစ်ရာတန်ဖိုးရှိ ကော်ဖီမစ်၊ ခေါက်ဆွဲခြောက်၊ ငါးပိထောင်း၊ ငါးသေတ္တာ၊ ငါးနီတူခြောက်ကြော်၊ ငါးကြင်းကြော်ဘူး၊ ငါးဆုပ်ဟင်းဘူး၊ ကြက်သားနှပ်ဘူး၊ ဘာလချောင်ကြော်၊ လက်ဖက်ချဉ်စပ်၊ ကုလားပဲနှပ်၊ ဆေးပေါ့လိပ်၊ မြေပဲပွ၊ မြေပဲဆံလှော်နှင့် အားဖြည့်အချိုရည်များပါရှိသည့် စားသောက်ဖွယ်ရာများအား ၁၅-၈-၂၀၂၄ ရက်၊ ၁၃:၃၀ နာရီတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ ပေါင်းလောင်းဧည့်ရိပ်သာရှိ အစည်းအဝေးခန်းမ၌ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးက နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် စိုးမင်းထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။



