(၈-၇-၂၀၂၄ ရက်၊ ရန်ကုန်)
နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်) ၏ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ၈-၇-၂၀၂၄ ရက် (တနင်္လာနေ့)၊ နံနက် (၈) နာရီတွင် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) ရုံးဝန်းအတွင်းရှိ မြေကွက်လပ်၌ ကျင်းပခဲ့ပါသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာနှင့် ဦးဆန်းဦးတို့ ဦးဆောင်၍ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာနတို့မှ အရာထမ်းနှင့် အမှုထမ်းများ၊ စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာန၊ မော်တော်ယာဉ်ဌာနစိတ်မှ ယာဉ်မောင်းများ၊ သန့်ရှင်းရေးဝန်ထမ်းများ၊ ဥယျာဉ်မှူး၊ လုံခြုံရေးဝန်ထမ်းများ စုံညီစွာတက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများက ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် သတ်မှတ်နေရာအသီးသီးတွင် မဟော်ဂနီပင်နှင့် ပျဉ်းကတိုးပင်နှင့် သဖန်းပင်အပါအဝင် သီးပင်နှင့်စားပင်မျိုးစုံ (၁၆) မျိုးတို့ကို စိုက်ပျိုးခဲ့ကြကြောင်း သိရှိရပါသည်။

