(၁၁-၆-၂၀၂၄ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်သည် ရန်ကုန်မြို့အခြေစိုက် မလေးရှားသံရုံးမှ သံရုံးယာယီတာဝန်ခံ/ သံအမတ် Mr. Johan Ariff Abdul Razak အား ၁၁-၆-၂၀၂၄ ရက်၊ (၁၀၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာ၌ အနာဂတ်တွင် မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတို့အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍအသီးသီးရှိ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးကိစ္စရပ်များ အတွက် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးနှင့်စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

