(၁၈-၃-၂၀၂၄ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးသည် နိုင်ငံခြားရေးဝန်ကြီးဌာန တည်ထောင်သည့် (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိကြသော တပ်မတော်သားများအတွက် လိုအပ်သည့်နေရာများတွင်အသုံးပြုနိုင်ရန် အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ကုတင် ၁၀၀၀) ဆေးပဒေသာပင်သို့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများရှိ ဝန်ထမ်းများမှ လှူဒါန်းသော အလှူငွေ ကျပ်၇,၇၀၀,၀၀၀/- (ကျပ်ခုနစ်ဆယ့်ခုနစ်သိန်းတိတိ) အား ၁၈-၃-၂၀၂၄ ရက်နေ့တွင် အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ကုတင် ၁၀၀၀) တပ်မှူး ဗိုလ်မှူးချုပ် အောင်မြတ်ကျော်ထံသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိကြသော ရှေ့တန်းရောက် တပ်မတော်သားများအတွက် ကျပ် ၇,၅၀၀,၀၀၀/- (ကျပ်ခုနစ်ဆယ့်ငါးသိန်းတိတိ) အား ၄-၁၀-၂၀၂၃ ရက်နေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၌ ပေးအပ်လှူဒါန်းထားရှိပြီး ဖြစ်ကြောင်း သိရှိရပါသည်။


