နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းများ၏ သား/သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကျင်းပ(၂၈-၇-၂၀၂၃ ရက်)

(၂၈-၇-၂၀၂၃ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းများ၏ သား/သမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်းအခမ်းအနားကို ၂၈-၇-၂၀၂၃ ရက်၊ (၁၆:၀၀) နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေမှ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းများ၏ သား/သမီး၊ ကျောင်းသား/သူများ စုံညီစွာတက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်တို့မှ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ၏ သား/သမီးများအနက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်းအဆင့်မှ တက္ကသိုလ်အဆင့်ထိ တက်ရောက် ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၂၀၃) ဦးအတွက် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။

20230802 09

20230802 09

20230802 09

20230802 09

20230802 09

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့