နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပေကျင်းမြို့အခြေစိုက် အာဆီယံ-တရုတ်ဗဟိုဌာန၊ အတွင်းရေးမှူးချုပ်အား လက်ခံတွေ့ဆုံ(၂၀-၇-၂၀၂၃ ရက်)

(၂၀-၇-၂၀၂၃ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် မြန်မာနိုင်ငံသို့ တရားဝင် ခရီးစဉ်ဖြင့် ရောက်ရှိနေသော တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ပေကျင်းမြို့အခြေစိုက် အာဆီယံ-တရုတ်ဗဟိုဌာန၏ အတွင်းရေးမှူးချုပ် မစ္စတာ ရှေကျုံးကျွင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀-၇-၂၀၂၃ ရက်၊ ၁၁:၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေးကို အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ဖော်ဆောင်ရာတွင် အာဆီယံ-တရုတ်ဗဟိုဌာနအနေဖြင့် ဦးစားပေး နယ်ပယ်(၆)ခုဖြစ်သော ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍများအောက်မှ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ် များ၊ မြန်မာနိုင်ငံမှ အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးမှူးနိုင်ငံအနေဖြင့် တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိစဉ် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည့် သမိုင်းမှတ်တိုင်များ၊ အာဆီယံ-တရုတ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အာဆီယံ-တရုတ်လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅)နှင့် နောက်ဆက်တွဲ အစီအစဉ်အောက်ရှိ နယ်ပယ်စုံ၊ ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် အကောင်အထည်ဖော်ရေး၊ အာဆီယံ-တရုတ်ဗဟိုဌာနမှ ဆောင်ရွက်လျက် ရှိသည့် အစီအစဉ်များနှင့် စီမံကိန်းများနှင့် အာဆီယံ-တရုတ် ဆွေးနွေးဖက် ဆက်ဆံရေးကို ပိုမိုနက်ရှိုင်း၍ အဓိပ္ပါယ်ပြည့်ဝပြီး နှစ်ဖက်အကျိုးရှိသည့် မိတ်ဖက်ဆက်ဆံရေးအဖြစ် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

20230721 03

20230721 03

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့