နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ရုရှားသံအမတ်ကြီးအား လက်ခံတွေ့ဆုံ(၃၀-၆-၂၀၂၃ ရက်)

(၃၀-၆-၂၀၂၃ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး ဒေါက်တာ နီကိုလိုင်း လစ်စတိုပါဒေါ့ဗ် အား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်၊ (၁၂:၃၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးနှင့် ရုရှားသံအမတ်ကြီးတို့သည် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှုများ အနာဂတ်တွင် ဆက်လက်ဖြစ်ထွန်းစေရေးကိစ္စများအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးက ရုရှားသံအမတ်ကြီးအနေဖြင့် မြန်မာ-ရုရှား နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်စေရေးအတွက် ထူးချွန်ပြောင်မြောက်စွာ ပံ့ပိုးဆောင်ရွက်ခဲ့မှုအပေါ် ချီးကျူးဂုဏ်ပြုခဲ့ကြောင်း သိရှိရပါသည်။

20230704 04

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့