(၃၀-၆-၂၀၂၃ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်သည် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ (ရွှေ့ပြောင်းလုပ်သားရေးရာ) ဒုတိယဝန်ကြီး မစ္စတာ အဲ ကွာ ဒို ဟို ဆေး ဒီ ဗေဒ ဂါ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်၊ (၁၅၃၀) နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်သည့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ဒေသတွင်း ဆိုက်ဘာရာဇဝတ်မှုများ တိုက်ဖျက်ရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်ရေး၊ ဖိလစ်ပိုင်နိုင်ငံရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေး၊ ဒေသဆိုင်ရာနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးနှင့် နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်များအပေါ် ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။


