(၃၀-၅-၂၀၂၃ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန တို့မှ အရာထမ်းများအတွက် အင်္ဂလိပ်စာ မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၃) နှင့် အမှုထမ်းများအတွက် အင်္ဂလိပ်စာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၃၀-၅-၂၀၂၃ ရက်၊ နံနက် (၁၀:၀၀) နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်ရှိ လောကနတ်ခန်းမ၌ ကျင်းပခဲ့ရာ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် တက်ရောက်၍ သင်တန်းဖွင့်ပွဲ အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ Naypyitaw State Academy (NSA) မှ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
ယင်းသင်တန်းများကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ၃၀-၅-၂၀၂၃ ရက်မှ ၂၁-၇-၂၀၂၃ ရက်အထိ အပတ်စဉ် အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့များတွင် ရက်သတ္တ (၈) ပတ်ကြာ တစ်ပြိုင်တည်း သီးခြားစီ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပါသည်။
သင်တန်းများသို့ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန တို့မှ အရာထမ်းများနှင့် အမှုထမ်းများ စုစုပေါင်း (၆၁) ဦး တက်ရောက်ကြမည်ဖြစ်ပြီး၊ သင်တန်းတွင် Naypyitaw State Academy (NSA) ၏ သင်တန်းနည်းပြများမှ အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာ ရေးသားပြောဆို ဆက်သွယ်ဆောင်ရွက်နိုင်စေရန်နှင့် လက်တွေ့လုပ်ငန်းနယ်ပယ်တွင် ထိရောက်စွာ အသုံးချနိုင်ရန်အတွက် လေ့ကျင့်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။



