နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးမှ တောင်တရုတ်ပင်လယ်တွင် နိုင်ငံများလိုက်နာရမည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကြေညာချက်အကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်းသည့် (၂၀) ကြိမ်မြောက် အာဆီယံ-တရုတ် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတွင် ပူးတွဲဥက္ကဋ္ဌအဖြ

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးမှ တောင်တရုတ်ပင်လယ်တွင် နိုင်ငံများလိုက်နာရမည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကြေညာချက်အကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်းသည့် (၂၀) ကြိမ်မြောက် အာဆီယံ-တရုတ် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတွင် ပူးတွဲဥက္ကဋ္ဌအဖြစ်ဆောင်ရွက်

(၁၇-၅-၂၀၂၃ ရက်၊ ဟလောင်)

တောင်တရုတ်ပင်လယ်တွင် နိုင်ငံများလိုက်နာရမည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကြေညာ ချက် (DOC) အကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်းသည့် (၂၀) ကြိမ်မြောက် အာဆီယံ− တရုတ် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားခြင်းကြောင့် (၂) နှစ်ကြာမျှ ကွာဟပြီးနောက် ၂၀၂၃ ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ၊ ဟလောင်မြို့၌ ကျင်းပခဲ့ရာ အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နယ်နိမိတ်နှင့် ပင်လယ် သမုဒ္ဒရာဆိုင်ရာဌာန၊ ညွှန်ကြားရေးမှူးချုပ် Mr. Hong Liang တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်လျက် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တို့မှ အဆင့်မြင့် အရာရှိကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယ အတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် တောင်တရုတ်ပင်လယ်တွင် နိုင်ငံများလိုက်နာရမည့် လုပ်ထုံးလုပ်နည်း ဆိုင်ရာကြေညာချက် (DOC) အကောင်အထည်ဖော်မှု၏ တိုးတက်မှုများကို ပြန်လည်သုံးသပ်ခဲ့ ကြပြီး တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် DOC အပြည့်အဝ ထိရောက်စွာ အကောင်အထည်ဖော်ရေးကို အားပေးမြှင့်တင်ရန် လက်တွေ့ကျသည့် ပင်လယ်ရေကြောင်းပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်အသစ်များ ကြိုဆို ခဲ့ကြပြီး ၂၀၂၃ ခုနှစ်အတွက် DOC အကောင်အထည်ဖော်ရေးဆိုင်ရာ နှစ်အလိုက် လုပ်ငန်းစီမံ ချက်များကို အတည်ပြုခဲ့ကြပါသည်။ ဆက်လက်၍ တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ထုံး တစ်ရပ်၏ တစ်ခုတည်းသောညှိနှိုင်းစာသား ဆောလျင်စွာ အပြီးသတ်ရေးအတွက် ဆွေးနွေး ညှိနှိုင်းမှုများကို အရှိန်မြှင့်တင်ရန် DOC ဆိုင်ရာ အာဆီယံ−တရုတ် ပူးတွဲလုပ်ငန်းအဖွဲ့အနေဖြင့် အားသွန်ခွန်စိုက် ဆောင်ရွက်သွားရန် တာဝန်ပေးအပ်ခဲ့ပါသည်။

တောင်တရုတ်ပင်လယ်တွင် နိုင်ငံများလိုက်နာရမည့် လုပ်ထုံးလုပ်နည်းဆိုင်ရာကြေညာ ချက် (DOC) အပြည့်အဝ ထိရောက်စွာ အကောင်အထည်ဖော်ရေးနှင့် ၁၉၈၂ ခုနှစ် ပင်လယ်ပြင် ဥပဒေဆိုင်ရာကုလသမဂ္ဂကွန်ဗင်ရှင်းအပါအဝင် နိုင်ငံတကာဥပဒေနှင့်အညီ ထိရောက်၍ အနှစ် သာရပြည့်ဝသည့် တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ထုံးတစ်ရပ် (COC) ဆောလျင်စွာ အပြီး သတ်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် ထပ်လောင်းကတိပြုခဲ့ကြပါသည်။

DOC အကောင်အထည်ဖော်ရေးဆိုင်ရာ (၂၁)ကြိမ်မြောက် အာဆီယံ-တရုတ် အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ စတုတ္ထ သုံးလပတ်ကာလတွင် တရုတ်နိုင်ငံ၌ ကျင်းပရန် သဘောတူညီခဲ့ကြပါကြောင်းသိရှိရပါသည်။

20230522 06

20230522 06

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့