နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန မိသားစုတို့၏ မြန်မာနှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲအခမ်းအနား ကျင်းပ(၁၇-၄-၂၀၂၃ ရက်)

(၁၇-၄-၂၀၂၃ ရက်၊ နေပြည်တော်)
ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ် တန်ခူးလပြည့်ကျော် (၁၃) ရက်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၇ ရက် (တနင်္လာနေ့) ညနေ (၁၆ : ၀၀) နာရီအချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမိသားစုတို့၏ မြန်မာနှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲ အခမ်းအနားကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ လောကနတ် ခန်းမ၌ ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ သံအမတ်ကြီး ဦးမောင်မောင်လင်း၊ ဦးစီးဌာနအကြီးအကဲများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပျဉ်းမနားမြို့၊ ရတနာမှန်ကျောင်းတိုက်ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိလာသနှင့် ပင့်သံဃာ (၄) ပါး စုစုပေါင်း ပင့်သံဃာ (၅) ပါး တို့ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များက နှစ်သစ်ကူးအန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွား သရဇ္ဈာယ်တော်မူကြပါသည်။ အခမ်းအနားတက်ရောက်သူများက တရားတော်များ နာယူကြည်ညိုခဲ့ ကြပြီး ဆရာတော်သံဃာတော်များအား လှူဖွယ်ပစ္စည်းအသီးသီးတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး အခမ်းအနားကို ညနေ (၁၆ : ၄၅) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

20230418 01

20230418 01

20230418 01

20230418 01

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့