ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အား လက်ခံတွေ့ဆုံ (၆-၁၂-၂၀၂၄ ရက်)

(၆-၁၂-၂၀၂၄ ရက်၊ နေပြည်တော်)

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဂျာမနီနိုင်ငံ၊ နော့ရိုင်းဝက်စ်ဖာလီးယားပြည်နယ်ဆိုင်ရာ မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် ဦးမောင်သူရအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်၊ နံနက် ၁၀၃၀ အချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံ၏ လတ်တလော ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ရှင်းလင်း ပြောကြားခဲ့ပြီး မြန်မာ-ဂျာမနီ နှစ်နိုင်ငံ ယဉ်ကျေးမှု၊ စီးပွားရေး၊ ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအပါအဝင် ဂျာမနီနိုင်ငံရောက် မြန်မာနိုင်ငံသားများအကျိုးအတွက် ကူညီ စောင့်ရှောက်ပေးရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

20241217 14

20241217 14

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့