
(၂၃-၉-၂၀၂၄ ရက်၊ ရန်ကုန်)
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် တွေ့ဆုံ ဆွေးနွေးမှုူကို ၂၃-၉-၂၀၂၄ ရက် (တနင်္လာနေ့)၊ ၁၁:၀၀ နာရီအချိန်တွင် ရန်ကုန်မြို့ရှိ မြန်မာ နိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါ သည်။ အဆိုပါဆွေးနွေးပွဲတွင် လက်ရှိနိုင်ငံတကာအခင်းအကျင်းများ၊ နိုင်ငံတကာလတ်တလော ဖြစ်ပေါ်တိုးတက်မှုများ၊ ပြည်တွင်းနိုင်ငံရေးအခြေအနေနှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံ တကာလေ့လာရေးအဖွဲ့၏ ဦးစားပေးဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးအမှာစကားပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ အဖွဲ့၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများနှင့် နိုင်ငံတကာနှင့် ပြည်တွင်း ရေး အခြေအနေတို့နှင့်စပ်လျဉ်း၍ အသိပညာရှင်များရှု့ထောင့်မှ ဆွေးနွေးတင်ပြခဲ့ကြပါသည်။ ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နိုင်ငံ တကာ၊ ဒေသတွင်းနှင့် ပြည်တွင်းဖြစ်ပေါ်တိုးတက်မှုများ ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
*****************************************

