ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ (၈) ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၈) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန်ပြပွဲဆိုင်ရာ ဖွင့်ပွဲအခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများသို့

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ (၈) ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၈) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန်ပြပွဲဆိုင်ရာ ဖွင့်ပွဲအခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများသို့ ပါဝင် တက်ရောက်ရန် ကူမင်းမြို့သို့ထွက်ခွာ (၂၁-၇-၂၀၂၄ ရက်)

(၂၁-၇-၂၀၂၄ ရက်၊ မန္တလေး)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ လိုက်ပါသော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ၂၂-၇-၂၀၂၄ ရက်မှ စတင်ကျင်းပပြုလုပ်မည့် (၈) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ၊ (၂၈) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန် ပြပွဲနှင့် ဆက်စပ်အခမ်းအနားများသို့ ပါဝင်တက်ရောက်ရန်အတွက် ၂၁-၇-၂၀၂၄ ရက်၊ မွန်းလွဲပိုင်းတွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့သို့ ထွက်ခွာသွားသည်။

အဆိုပါ ကုန်စည်ပြပွဲနှင့် ပို့ကုန်/သွင်းကုန် ပြပွဲများကို “စည်းလုံးညီညွတ်မှုနှင့် ဘုံဖွံ့ဖြိုး တိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်ရေး” ခေါင်းစဉ်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရတို့က ပူးတွဲကျင်းပ ခြင်းဖြစ်ကြောင်း သိရှိရသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မန္တလေးမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ခေတ္တကောင်စစ်ဝန်ချုပ် မစ္စတာ ကျန်းဝေ တို့က မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်

20240730 01

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့