ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှကြီးမှူး၍ သံအမတ်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ သံတမန်ရေးရာဦးစီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာနနှင့် စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာနမ

(၂၈-၂-၂၀၂၄ ရက်၊ နေပြည်တော်)

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေမှကြီးမှူး၍ သံအမတ်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ သံတမန်ရေးရာဦးစီးဌာန၊ ကောင်စစ်ရေးရာနှင့်ဥပဒေရေးရာဦးစီးဌာနနှင့် စီမံကိန်းနှင့်စီမံရေးရာ ဦးစီးဌာနများမှ အရာထမ်းနှင့်အမှုထမ်းဝန်ထမ်းများ တက်ရောက်သည့် ဝန်ထမ်းများတွေ့ဆုံ ဆွေးနွေးပွဲကို ၂၈-၂-၂၀၂၄ ရက်နေ့၊ ၁၅၀၀ နာရီတွင် လောကနတ်ခန်းမ၌ ကျင်းပခဲ့ပါသည်။ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် တွေ့ဆုံဆွေးနွေးပွဲသည် ဒုတိယအကြိမ်အဖြစ် တွေ့ဆုံခြင်းဖြစ်ကြောင်း၊ ကြုံတွေ့ကြရသည့် အခက်အခဲနှင့်အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်းတင်ပြစေလိုပါကြောင်း၊ သီးခြားအနေဖြင့် နိုင်ငံ့ဝန်ထမ်းများသည် တာဝန်ကျေပွန်မှု၊ စွမ်းဆောင်ရည် ထက်မြက်မှု၊ လေ့လာသင်ယူမှု၊ ကြိုးစားအားထုတ်မှုနှင့် ဆက်ဆံရေးကောင်းမွန်မှုတို့ ရှိကြရန် လိုအပ်ပါ ကြောင်း၊ မှန်ကန်မျှတသည့် အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှု ကောင်းမွန်ခြင်း၊ စည်းလုံးညီညွတ်မှုရှိခြင်း တို့ဖြင့် ပျော်ရွှင်အောင်မြင်သည့် လုပ်ငန်းခွင်ကို ဖန်တီးတည်ဆောက်နိုင်ပါကြောင်း မှာကြား ခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော ဌာနများအလိုက်ရှိ ဝန်ထမ်းများက လိုအပ်ချက်များနှင့် အကြံပြုချက်များကို တင်ပြခဲ့ကြပါသည်။ ဝန်ထမ်းများ၏ တင်ပြချက်များကို သက်ဆိုင်ရာ ဦးစီးဌာနများမှ တာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို တင်ပြခဲ့ကြပါသည်။ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

20240306 03

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့