ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအား လက်ခံတွေ့ဆုံ(၂၁-၂-၂၀၂၄ ရက်)

(၂၁-၂-၂၀၂၄ ရက်၊ နေပြည်တော်)

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးသန်းဆွေသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာ အန်ဒရေး ရူဒန်ကို အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်၊ ၀၉:၄၅ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့် အထူးသဖြင့် စီးပွားရေး၊ ခရီးသွားလုပ်ငန်းကဏ္ဍများအပါအဝင် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ မြန်မာကျောင်းသားများအတွက် ပညာသင်ဆု ပိုမိုပေးအပ်ရေးအစီအစဉ်များ တိုးမြှင့်ဖော်ဆောင်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နှစ်နိုင်ငံ အစိုးရများအကြား ဆက်ဆံရေးနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံခြင်းတို့၏ အရေးပါမှုကိုလည်း အလေးထားဆွေးနွေးခဲ့ကြသည်။ ဒုတိယဝန်ကြီးချုပ်က နိုင်ငံတည်ငြိမ်၊ ငြိမ်းချမ်းရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းမှုများကိုလည်း ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

20240227 04

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့