ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ကူဝိတ်နိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ(၇-၉-၂၀၂၃ ရက်)

(၇-၉-၂၀၂၃ ရက်၊ နေပြည်တော်)

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ကူဝိတ်နိုင်ငံသံအမတ်ကြီး မစ္စတာ မူဘာရက်(ခ်) အမ် အေ အလက်ဝါနီအား ၇-၉-၂၀၂၃ ရက်၊ (၁၀:၃၀)နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-ကူဝိတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုပိုမိုတိုးမြှင့်ရေး၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်နှင့်အလုပ်သမား အစရှိသောကဏ္ဍများအပါအဝင် နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား သဘောတူညီချက်များအား အကောင်အထည်ဖော်ဆောင်သွားရေးနှင့် လက်မှတ်ရေးထိုးရန်ရှိသည့် သဘောတူစာချုပ်များကို ဆက်လက်ညှိနှိုင်းဆွေးနွေးရေး၊ ဒေသတွင်းနှင့်နိုင်ငံတကာမျက်နှာစာများတွင် အထူးသဖြင့် အာဆီယံ-အာရပ် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီနှင့် ကုလသမဂ္ဂမူဘောင်တို့အောက်မှ ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

20230911 11

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့