


(၁၆-၁-၂၀၂၃ ရက်၊ ပေကျင်း)
တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးတင်မောင်ဆွေသည် တရုတ်နိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် မစ္စတာ ရန်ဝေးချွင်အား ၁၆-၁-၂၀၂၃ ရက်၊ (၁၄:၃၀) နာရီတွင် တရုတ်နိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ သွားရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-တရုတ် ဆက်ဆံရေးနှင့် စီးပွားရေးဆိုင်ရာ ကူးသန်းရောင်းဝယ်မှုများ မြှင့်တင်သွားရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်မှု တိုးမြှင့်သွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန်မပျက် ဆက်လက်လုပ်ဆောင်သွားနိုင်ရေး၊ ပညာသင်ဆုများ တိုးမြှင့်ရရှိရေးကိစ္စများနှင့်ပတ်သက်၍ နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
