ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သဘာဝဘေးဒဏ်သင့်ပြည်သူများအတွက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများက အဆောက်အဦ အမိုးသွပ်ပြားများ လှူဒါန်း(၂၂-၅-၂၀၂၃ ရက်)

(၂၂-၅-၂၀၂၃ ရက်၊ ရန်ကုန်)

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သဘာဝဘေးဒဏ်သင့် ပြည်သူများအတွက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများမှ မြန်မာသံရုံး၊ ဗန်ကောက်မြို့မှတစ်ဆင့် ထိုင်းဘတ်ငွေ ၂,၃၁၂,၄၀၀/- တန်ဖိုးရှိ အဆောက်အဦ အမိုးသွပ်ပြား (၁၂,၃၀၀) ချပ်အား ပေးပို့လှူဒါန်းခဲ့ရာ၊ ပထမအသုတ်အနေဖြင့် အဆောက်အဦ အမိုးသွပ်ပြား (၆,၃၀၀) ချပ်ကို နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စား ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်း မှ ၁၉-၅-၂၀၂၃ ရက်တွင် လည်းကောင်း၊ ဒုတိယအသုတ်အနေဖြင့် အဆောက်အဦ အမိုးသွပ်ပြား (၆,၀၀၀) ချပ်ကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာ မှ ၂၂-၅-၂၀၂၃ ရက်တွင် လည်းကောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများထံသို့ အသီးသီး လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

20230525 01

20230525 01

20230525 01

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့