ကွေ့လင်မြို့ရှိ ချီးရှားကျောင်းတိုက် ဆရာတော်က မြန်မာနိုင်ငံရှိ စာသင်တိုက်များနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအတွက် အလှူငွေများ ပေးပို့လှူဒါန်း(၂၃-၆-၂၀၂၃ ရက်)

(၂၃-၆-၂၀၂၃ ရက်၊ နေပြည်တော်)

ကွမ်းရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကွေ့လင်မြို့ရှိ ချီးရှားကျောင်းတိုက် ဆရာတော် Ven. Qianze က မြန်မာနိုင်ငံ၊ စာသင်တိုက်များရှိ စာသင်သား သံဃာ/ သီလရှင်များနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိ မပြည့်စုံသော ကျောင်းသားများအား စာရေးကိရိယာများ ပေးလှူရန်အတွက် ပေကျင်းမြို့၊ မြန်မာသံအမတ်ကြီးမှတစ်ဆင့် လှူဒါန်းပေးပို့သည့် အလှူငွေယွမ် ၈,၀၀၀/- (ယွမ်ရှစ်ထောင်တိတိ) အား နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ် ဦးဆောင်၍ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဦး နှင့် ညွှန်ကြားရေးမှူး ဒေါက်တာအောင်သူစိုး တို့ လိုက်ပါလျက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၁) ၌ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်နုမြဇံ ထံသို့ ၂၂-၆-၂၀၂၃ ရက်၊ (၁၀၀၀) နာရီတွင် လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

20230628 05

20230628 05

20230628 05

20230628 05

Myanmar Time



Hanoi Time



အဂတိလိုက်စားမှုများ တိုင်ကြားရန်


Government of the Republic of the Union of Myanmar


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့